ပြည်သူများ အနေဖြင့် အရေးကြီး ပစ္စည်းများကို ယူဆောင်သွားနိုင်‌ရေး အသင့်ပြင်ထား‌ရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှိုးဆော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ပြည်သူများ အနေဖြင့် အရေးကြီး ပစ္စည်းများကို ယူဆောင်သွားနိုင်‌ရေး အသင့်ပြင်ထား‌ရန် ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှိုးဆော်


စစ်ကောင်စီမှ ဆက်လက် ထိုးစစ်ဆင် လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးသော ပစ္စည်းများကို ယူဆောင်သွားနိုင်ရန် အသင့် အနေအထားတွင် ပြင်ဆင်ထားရန် ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်တွင် နှိုးဆော်ထားသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အချို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု၊ ပြည်သူများ၏ အိုးအိမ်များကို အကြောင်းမဲ့ ဖောက်ထွင်း ခိုးယူမှုနှင့် မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူများ၏ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု အသက်လုံခြုံရေးကို ခြောက်လှန့် နေရကာ အပြစ်မဲ့ ပြည်သူများသည် ကြိုတင်ပြင်ဆင်မှု အချိန် အလွန်နည်းသောကြောင့် အရေးကြီးပစ္စည်းများ အိုးအိမ်များကို လက်လွှတ် ဆုံးရှုံးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ကောင်စီတပ်က ယနေ့ မနက်ပိုင်းတွင်ပင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်နှင့် အသက် ၇၂ အရွယ် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats