ရန်ကုန်မြို့ တစ်နေရာ၌ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် "အဖိနှိပ်ခံပဲ ရှိတယ် ဘာသာလူမျိုး မကွဲပြားဘူး" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
အာဏာသိမ်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် တစ်နှစ်ပြည့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေဖြင့် ရန်ကုန်လူထု သပိတ်မှ အဖွဲ့ဝင်များက ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
သပိတ် စစ်ကြောင်းတွင် "အဖိနှိပ်ခံပဲ ရှိတယ် ဘာသာ လူမျိုး မကွဲပြားဘူး" စာတန်း အပြင် "ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး"၊ "အသက်တွေကို အားနာတတ်တဲ့ တစ်နေ့ ပါဝင်ကူညီပါ" နှင့် "ကမ္ဘာမကြေဘူး" စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြသည်ကိုလည်း တွေ့ရသည်။