ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်တွင် "ပင်လုံကတိကဝတ် အရင်းတည်၊ ဖက်ဒရယ်ပြည်ထောင် စုသစ် ရဲရဲချီ" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက် ရှိပြီး ယနေ့တွင် ရက်ပေါင်း ၃၆၇ ရက်မြောက် အဖြစ် ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။