လောင်းလုံးမြို့နယ်အတွင်း၌ အမျိုးသမီးများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အဖြစ် 'အာဏာရှင်ကို အမြစ်ဖြတ် နိုင်ငံသစ်က အနာဂတ်' ၊ 'နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု' စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်ဟု သိရသည်။
.
ဆန္ဒပြသူများသည် 'တော်လှန်နှင်းဆီ ရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည်'၊ 'အမျိုးသမီးတွေ ဦးဆောင် အရေးတော်ပုံကြီး အပြီးအောင်'၊ 'အရေးတော်ပုံကြီးအောင်မြင်ဖို့ ဒို့အမျိုးသမီးတွေ ပါဝင်စို့' စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ပြခဲ့ကြခြင်း ဖြစ်သည်။