လိုဘာခိုတိုက်နယ် (ပုံဟောင်း) |
စစ်ဘေးရှောင် ပြည်သူ အများအပြား ခိုလှုံနေသည့် ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်အစောပိုင်းတွင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
.
လိုဘာခိုကျေးရွာသည် ဒီးမော့ဆို-ဆီဘူး-ယာဒို-တောင်ငူ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် တည်ရှိပြီး ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးရှောင် နေထိုင်လျက်ရှိသည့် ကျေးရွာ ဖြစ်သည်။
.
စစ်ကောင်စီက ကရင်နီပြည်နယ်၏ အဓိက လမ်းမကြီး ဖြစ်သည့် လွိုင်ကော်-ဒီးမော့ဆို လမ်းကို လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း သိရသည်။
.
အဆိုပါ စစ်ကောက်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ မသိရသေးပေ။