ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေဆုံး


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

.

ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာတွင် အင်းအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA နှင့် အခြားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက် မနည်း သေဆုံး၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့‌ကြောင်းနှင့် 

DMO-Local PDF ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ခုခံတိုက်ခိုက်ခဲ့ကြောင်း DMO-Local PDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၁ စီးဖြင့် ၅ ကြိမ်ခန့် ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် တိုက်‌လေယာဉ် ၂ စီးဖြင့် လည်း ၇ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

.

ဒီးမော့ဆိုမြို့နယ်တွင် ၇ ရက်မြောက် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်း စစ်ကူဖြင့် နေ့စဉ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင် တာဝေးပစ် အမြောက်များ အသုံးပြုကာ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats