ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းက စစ်ကောင်စီ ထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။
.
ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ညောင်ပင်ခွရွာ မြောက်ဘက်ရှိ လမ်းပိုင်း တစ်နေရာတွင် လူတစ်စုက မြန်မာဘီယာ တင်ဆောင်လာသော မော်တော်ယာဉ်ကို မီးရှိ့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယာဉ် မီးရှို့ မခံရမီ သေနတ်သံများလည်း ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ယာဉ် ပေါက်ကွဲကာ မီးလောင်ပျက်ဆီးခဲ့ကာ ယာဉ်ပေါ်ပါ မြန်မာဘီယာပုလင်းများ အားလုံး ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးသူများကိုမူ မသိရသေးပေ။