သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ ဦးဆောင်၍ ကျင်းပသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ ဦးဆောင်၍ ကျင်းပသွားမည်


ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတု သျှမ်းပြည်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ရှမ်းပြည်နယ်ကျောင်းသား သမဂ္ဂများကွန်ရက် (SSSUN) မှ ဦးဆောင်၍ ကျင်းပသွားမည်ဟု သိရသည်။

.

ရှမ်းပြည်ညီညွတ်ရေးအတွက် ပြည်နယ်တွင်းတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs) အချင်းချင်း ထိုးဆစ်ဆင်မှုများ အပေါ်တွင် ကာလတို အပစ်ရပ် ရက်သတ္တပတ် ဖော်ဆောင်သွားမည် ဖြစ်ပြီး ထိုရက်သတ္တပတ်မှသည် ပြည်နယ်တွင်း လူမျိုးစုများ အတူတကွပေါင်းစည်းကာ ရှမ်းပြည်ညီညွတ်ရေးတည်ဆောက်ကြရန်၊ ဘုံရန်သူ စစ်အုပ်စုအပေါ်အတူတကွ ပေါင်းစည်း တွန်းလှန်ကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း SSSUN က ထုတ်ပြန်ထားသည်။

.

ထို့အတူ SSSUN ဦးဆောင်၍ ရှမ်းပြည်အတွင်း တက်ကြွ လှုပ်ရှားလူငယ်များနှင့် ကျောင်းသားသမဂ္ဂများက " သျှမ်းပြည်ညီညွတ်ရေး၊အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုနှင့် ပင်လုံကတိကဝတ် စကားဝိုင်း " အစီအစဉ်ကို ယနေ့ ညနေ ၄ နာရီတွင် ပြုလုပ်မည် ဖြစ်ပြီး ယင်းအစီအစဉ်ကို SSSUN နှင့် သတင်းမီဒီယာများမှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။


ယင်း စကားဝိုင်းတွင် ပြည်ထောင်စုစစ်စစ် နှင့် တစ်ပြည်ထောင်စနစ်၊ အတုအယောင်ပြည်ထောင်စုစိတ်ဓာတ်၊ ပျောက်ဆုံးနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ပင်လုံကတိကဝတ်အပေါ် မျှော်လင့်ယုံကြည်ချက်၊ မဟာလူမျိုးကြီးဝါဒ အောက်တွင်ပျောက်ဆုံးခဲ့ရသော တိုင်းရင်းသားတို့၏ တန်းတူရေးအိပ်မက်၊ မိမိတို့မျှော်လင့်သော ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို ပုံဖော်ထုဆစ်ကြမလဲ စသည့် အကြောင်းအရာများ ဆွေးနွေးမည်ဟု သိရသည်။

Journal Download

Photo of three cats