ဖယ်ခုံမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဖယ်ခုံမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်


တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့၏ မြောက်ဘက် ၈ မိုင်ခန့် အကွာ၌ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၉ နာရီ ၂၁ မိနစ်ခန့်တွင် အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း သိရသည်။

.

မြန်မာနိုင်ငံ ပြည်တွင်း (ဖယ်ခုံမြို့၏ မြောက်ဘက် ၈ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၀၀ ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats