ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်နေသော နေရာကို စစ်ကောင်စီတပ်မှ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ နံနက် အစောပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ၅ လုံးခန့်ပစ်ခတ်ခဲ့မှုကြောင့် စစ်ဘေးရှောင် ပြည်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ထိမှန်ခဲ့သည့်အပြင် ခရစ်ယာန်ဘုရားကျောင်း ၁ လုံး၊ စပါးကျီ ၁ လုံး၊ လူနေအိမ် ၁ လုံးနှင့် အိမ်သာ ၁ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ပြည်သူလူထုနှင့် ဒေသခံပြည်သူ အများအပြား ထိတ်လန့် ကြောက်ရွံ့ကာ ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင် နေရာကို လက်နက်ကြီးဖြင့် ရည်ရွယ်ချက် ရှိရှိ ၃ ကြိမ်ခန့် ပစ်ခတ်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။