စစ်ကိုင်းတိုင်း၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိရေမျက်ကြီးအင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီး ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ပျက်ကျခဲ့သည်ဟု သိရသည်။
.
တံတားဦးလေတပ်စခန်းမှ တိုက်ခိုက်ရေးလေယာဉ်သည် လေ့ကျင့်ရေးဧရိယာ၌ လေ့ကျင့်ပျံသန်းစဉ် ရေမျက်ကြီးအင်းအတွင်း စက်ချို့ယွင်းကာ ပျက်ကျသွားခဲ့သည်ဟု စစ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။
.
အဆိုပါ ပျက်ကျသည့် တိုက်လေယာဉ်မှာ တရုတ်နိုင်ငံထုတ် Nanchang A-5C Fantan ဖြစ်သည်ဟု ဒေသတွင်းသတင်းများအရ သိရပြီး လက်ရှိတွင် လေယာဉ် မောင်းနှင်သူကို ရှာဖွေနေသည်ဟု သိရသည်။