ဆေးတက္ကသိုလ် (တောင်ကြီး) မှ ဆေးကျောင်းသား တစ်ဦးနှင့် မိသားစုဝင်များကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေပိုင်းက စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
.
ဖမ်းဆီးခံရသူမှာ ဆေးတက္ကသိုလ် (တောင်ကြီး) မှ ဒုတိယအမ်ဘီဘီအက်စ်(senior) ကျောင်းသား ကိုကောင်းချမ်းမြေ့သျှန် ဖြစ်ပြီး မိဘ ၂ ဦးနှင့် အဒေါ်ဖြစ်သူတို့ပါ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
" မလှိုင်မြို့မှာ ဖမ်းဆီးခံရတာပါ။ "ဟု သမဂ္ဂ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
ကိုကောင်းချမ်းမြေ့သျှန် နှင့် မိသားစုဝင်များ ဖမ်းဆီးခံရသည့် အကြောင်းရင်းအား အတိအကျ မသိရသေးသော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ CDM ဆရာဝန် အား ရှာဖွေစဉ် အဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း ဆေးတက္ကသိုလ် (တောင်ကြီး) ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။