အောင်ပန်းမြို့ပြပြောက်ကျားတပ်စု ဖွဲ့စည်း‌ကြောင်းနှင့် စည်ပင်ရုံးအား ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်စု ဖွဲ့စည်း‌ကြောင်းနှင့် စည်ပင်ရုံးအား ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ကြေညာ

အောင်ပန်းမြို့ပြပြောက်ကျားတပ်စု (UTF-ABN) ကို ဖွဲ့စည်း‌လိုက်ကြောင်းနှင့် စည်ပင်ရုံးအား ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟု ယင်းအဖွဲ့ကကြေညာသည်။

.

၎င်းတို့ အနေဖြင့် NUG အစိုးရ၏ ချမှတ်ထားသော မူဝါဒများနှင့် အညီ စစ်ကောင်စီကို တော်လှန်သွားမည် ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်သည်ထိ ပြည်သူလုထုဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်းကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

.

အောင်ပန်းမြို့ရှိ စည်ပင်ရုံးအား ဒလန်နှင့် Non CDM ဝန်ထမ်းများကို သတိပေးသည့် အနေဖြင့် ကလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်း၍ အသေးစား ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း၌ ယခု ရက်ပိုင်းအတွင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ဆက်တိုက် ဖွဲ့စည်းနေသကဲ့သို့ ပေါက်ကွဲမှုများလည်း ဆက်တိုက် ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ညပိုင်းကလည်း မြို့တော်တောင်ကြီးရှိ အခွန်ရုံးနှင့် မီးပုံးပျံကွင်းအနီး၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats