စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝါရီဆူပလိုင်ရွာ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝါရီဆူပလိုင်ရွာ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးရ




ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီဆူပလိုင်ကျေးရွာ ကို စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Kayan Rescue Committee -KRC က ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ တိုက်လေယာဥ်တို့ဖြင့် အင်အားသုံး တိုက်ခိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်၊ တစ်ရက် အတွင်း မိုးဗြဲ အပါအဝင် ဝါရီဆူပလိုင် ကျေးရွာသူ ရွာသားများ ထောင်နဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KRC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁၅ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်‌ တိုက်ခိုက်နေခြင်းကြောင့် လက်ရှိတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။





Journal Download

Photo of three cats