စစ်ကောင်စီမှ တင့်ကား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့၊ စည်ကား(၃) ရပ်ကွက်မှ ဒေသခံပြည်သူ အမျိုးသမီး တစ်ဦး ခြေထောက်တွင် အပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု Mobye Rescue Team က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်သည်။
မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ပြည်သူများ မလိုအပ်ပဲ အိမ်အပြင် မထွက်ရန်နှင့် ဒဏ်ရာ ရရှိပါက 09254966775 ၊ 09459300399 ၊ 09453560132 သို့ ဆက်သွယ်ပေးရန် Mobye Rescue Team က မေတ္တာရပ်ခံ အသိပေးထားသည်။