ရန်ကုန်မြို့၏ တစ်နေရာ၌ ရန်ကုန်အမျိုးသမီးထုမှ ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် "နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ" စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ဆန္ဒပြပွဲတွင် Women Alliance Burma ၊ Labour Alliance အဖွဲ့ဝင် CTUM၊ လူငယ်များသမဂ္ဂ၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ LGBT Community Yangon ၊Revolution Force (RF) ၊ တော်လှန်သွေးမကုန် တောင်ဒဂုံ သပိတ်အင်အားစု နှင့် Youth Association of Thingangyun (YAT) တို့မှ ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။