ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ နယ်မြေ(၁)၊ သံလမ်းဘေးရှိ နေအိမ်၌ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာ ရသူနှင့် ပျက်ဆီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။
.
မီးလောင်မှု ဖြစ်ပွားသည့် နေအိမ်မှာ "ရွှေပအိုဝ်း ရှင်လောင်းဝတ်စုံ ငှါးရမ်း၊ ရောင်းဝယ်ရေး" နေအိမ် ဖြစ်ပြီး ဖယောင်းတိုင်မီးမှ တဆင့်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင်၏ လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် မီးလောင် ပျက်ဆီးဆုံးရှုံးမှု အသေးစိတ် အခြေအနေကိုမူ မသိရသေးဘဲ မီးလောင်မှုအား ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ အခြားတာဝန်ရှိသူများက မီးငြိမ်းသတ်ပေးခဲ့သည်ဟု သိရသည်။