ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ လွယ်မောကျေးရွာအုပ်စု၊ ကွေ့တောင်ကျေးရွာ၌ ဖေဖော်ဝါရီလ ၅ ရက်၊ ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးများ ပျက်စီးခဲ့ရသည်ဟု သိရသည်။
.
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အပါအဝင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရွာဦး စေတီရှိ အဆောက်အဦတို့တွင် ပြိုကျ ပျက်ဆီးမှုများ ရှိခဲ့ ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ညက မိုးရွာသွန်းစဉ် မိုးသီးများ ကြွေကျခဲ့သည်ဟုလည်း သိရသည်။