စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်အစောပိုင်းတွင် ပြည်သူများ ပူးပေါင်း၍ "ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေတိုင်းအတွက် ကမ္ဘာမကြေဘူး" စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက် ရှိပြီး ယနေ့တွင် ရက်ပေါင်း ၃၆၅ ရက်မြောက် အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။