Silent Strike (ငြိမ်သက်ခြင်းသပိတ်) ပြုလုပ်မှုကြောင့် အများပြည်သူ သွားလာခြင်း မရှိဘဲ ရှင်းလင်းနေသည့် တောင်ကြီးမြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီ ထောက်ခံပွဲကို လူ တစ်စုက ပြုလုပ်နေကြောင်း သိရသည်။
.
အဆိုပါ ထောက်ခံပွဲကို စစ်ကောင်စီဘက်က လုံခြုံရေး အပြည့်ပေး၍ စစ်အာဏာသိမ်းမှုအား ထောက်ခံသူများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီ တာဝန်ထမ်းဆောင်ခြင်း တစ်နှစ်ပြည့် အဖြစ် တောင်ကြီးမြို့လယ် ဓမ္မာရုံတွင် သံဃာ ၅၀ ပါးအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကို စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်နေသည်ဟုလည်း သိရသည်။