ကရင်နီတပ်မတော် အပတ်စဉ် (၇၂) သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ဟု Karenni Army Center က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ အပတ်စဉ် (၇၂) သင်တန်းတွင် သင်တန်းသား/သူ ၃၇၄ ဦး ပါဝင်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
.
ကရင်နီတပ်မတော် အပတ်စဉ် (၇၁) သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ၄ လခန့်အကြာတွင် အပတ်စဉ် (၇၂) သင်တန်းဆင်းပွဲကို ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။