ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် တစ်လုံး မီးလောင်ခဲ့သည်ဟု သိရသည်။
.
မိုးဗြဲမြို့၊ စည်ကား(၁) ရပ်ကွက်ရှိ ဒေသခံပြည်သူ၏ နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်၍ မီးလောင်ခဲ့ရခြင်း ဖြစ်ကာ လက်ရှိတွင် မီးလောင်မှုအား ရပ်ကွက်နေ ပြည်သူများက မီးငြိမ်းပေးနိုင်ခဲ့ကြောင်း Mobye Rescue Team က ထုတ်ပြန်သည်။
.
မိုးဗြဲတွင် စစ်ရေးအခြေအနေ တင်းမာလာခြင်းကြောင့် ပြည်သူများ အနေဖြင့် လုံခြုံသည့် နေရာများသို့ ရွေ့ပြောင်းပေးကြရန်၊ ဘေးကင်း ခိုင်မာသည့်နေရာကို ရွေးချယ်ပြီး နေထိုင်ကြရန်၊ ဘုန်းကြီးကျောင်းများသို့ ရွေ့ပြောင်း နေထိုင်ကြရန်နှင့် လုံခြုံရေးကို ပထမ ဦးစားပေးအဆင့်တွင် ထားပြီး သင့်လျော်သလို ပြင်ဆင်နေထိုင်ကြရန် မိုးဗြဲ PDF က ယနေ့ နေ့လယ်ပိုင်းတွင် တိုက်တွန်းထားသည်။