ထားဝယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လောင်းလုံးမြို့နယ်အတွင်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
အမျိုးသမီးများ၊ အခြေခံပညာ ကျောင်းသူ/သားများနှင့် လူငယ်များ ပူးပေါင်းကာ "သွေးမြေ ကျတဲ့ ၂၈ ၊ ဥဒါန်း မကျေတဲ့ သမိုင်းသစ်" ၊ "လမ်းမထက်က သွေးတွေ မခြောက်သရွေ့ လူထု တစ်ရပ်လုံး သွေးဆူကြဟေ့" စာတန်းများ ကိုင်ဆောင်၍ ချီတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ကောင်စီက ကျည်အစစ်များ သုံးပြီး ထားဝယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ်စစ်ကြောင်းအား ပစ်ခတ် ဖြိုခွင်းခဲ့သဖြင့် ပြည်သူ ၄ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။