ရှမ်း - ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ တောင်ဘက်ရှိ ဝါရီဆူးပလိုင်ရွာကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက မီးရှို့နေကာ နေအိမ် အများအပြား မီးလောင်နေသည်ဟု PKPF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ဝါရီဆူးပလိုင်ရွာတွင် အိမ်ခြေပေါင်း ၂၀၀ ခန့် ရှိပြီး နေအိမ်များ ပူးကပ်စွာ တည်ရှိကာ လက်ရှိတွင် မီးလောင်မှု ဆက်လက် ဖြစ်ပွားနေလျက် ရှိကြောင်း သိရသည်။
.
ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စစ်ကောင်စီတပ်များနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူဖြင့် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်အချို့လည်း ပျက်ဆီး ဆုံးရှုံးခဲ့ရကာ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။