စစ်ကောင်စီထုတ် ကုန်ပစ္စည်းများ တင်သွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဖယ်ခုံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီထုတ် ကုန်ပစ္စည်းများ တင်သွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း ဖယ်ခုံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ


တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများ အတွင်း၌ စစ်ကောင်စီထုတ် ကုန်ပစ္စည်းများ တင်သွင်း ရောင်းဝယ်ခွင့်ကို ပိတ်ပင်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

.

စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်၍ ထပ်မံ တင်သွင်း ရောင်းဝယ်ခြင်းများ မပြုလုပ်ရန် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်တွင် ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တင်သွင်း ရောင်းဝယ်ခွင့် ပိတ်ပင်ခဲ့သည့် ကုန်ပစ္စည်းများမှာ Army Rum အပါအဝင် အရက်၊ ဘီယာ၊ ဆေးလိပ်နှင့် ‌လက်ဖက်ရည်ထုတ်များ ပါဝင်သည်ကို တွေ့ရပြီး သတ်မှတ် ရက် နောက်ပိုင်း ဆက်လက် ရောင်းဝယ်ခြင်းများ ပြုလုပ်ပါက အရေးယူ ဆောင်ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Journal Download

Photo of three cats