နောင်ချိုမြို့ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဘူတာ မီးရထားဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက်ပိုင်း အစောပိုင်း၌ ဝင်ရောက် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုကို အင်အား ၃၀ ခန့်ရှိ လက်နက်ကိုင် အဖွဲ့ တစ်ခုက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသော်လည်း အဖွဲ့အမည်ကိုမူ မသိရသေးပေ။
.
ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားနေသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။