ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦအား ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့သည်ဟု DMO-PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၁ လုံး လက်နက်ကြီး ထိမှန်ခဲ့သည့်အပြင် အိမ်သာ ၁ လုံးကိုလည်း ထိမှန်ပျက်စီးခဲ့သည်ဟု DMO-PDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။