ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ မတရားမှုများ (ပေးစာကဏ္ဍ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းမှ မတရားမှုများ (ပေးစာကဏ္ဍ)

ကမ္ဘောဇတိုင်း သတင်းဌာန ခင်ဗျား၊ ကျွန်တော်က ရှမ်းပြည်တောင်ပိုင်း၊ ----- မှ ဝန်ထမ်း တစ်ဦးပါခင်ဗျာ။

.

ရပ်စောက်မြို့နယ်က ကျိုင်းခမ်းဆည်လို့ လူ အများ သိကြတဲ့ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းကို စတင်ခဲ့တာ ဆယ်စုနှစ် ၂ ခု ကျော်ခဲ့ပါပြီ။ ယခုနှစ် ၆ လ ဘက်ဂျက်တွင် ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံ ရရှိပြီး တမံ မြေဖို့ခြင်း လုပ်ငန်းများကို ကုမ္ပဏီ ၃ ခုဖြင့် လည်းကောင်း၊ ရေအားလျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများကို ဘယ်လို လုပ်ပိုင်ခွင့်နဲ့ လုပ်ခွင့်‌ ပေးလိုက်မှန်း မသိသော တရုတ်ကုမ္မဏီ ဒေါင်ဖန်းဖြင့် လည်းကောင်း အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ပေးချေပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တမံ မြေဖို့ခြင်း လုပ်ငန်း ကုမ္ပဏီ ၃ ခု ကတော့ ပန်းသိင်္ဂီကုမ္ပဏီ (မုဒုံမောင်မောင်နှင့် အတူတူ )၊ ဧရာရွှေဝါကုမ္ပဏီ (ဦးရွှေမန်းသား)၊ အထင်ကရ ကုမ္ပဏီ (ယခုလက်ရှိ စာရင်းစစ်ချုပ်သား ပိုင်) တို့ ဖြစ်ပါတယ်။


ပြောလိုတာက ဆည်မြောင်းဌာနမှ အရာရှိများမှ လက်အောက်ဝန်ထမ်းများ ၊ အလုပ်သမားများအပေါ် ဖိအားပေး အကြပ်ကိုင်ခြင်း၊ အလုပ်ချိန်သတ်မှတ်မှု မရှိဘဲ ခိုင်စေခြင်း (မနက် ၅ နာရီမှ ညအထိ)၊ ဝန်ထမ်းသက်သာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးမှု မရှိခြင်း၊ စတဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ လုပ်ဆောင်လျက်ရှိပါတယ်။ စီမံကိန်း ညွှန်မှူး၊ ဒု-ညွှန်မှူးများသည်လည်း စစ်ကောင်စီခန့် ဝန်ကြီး၊ဒု-ဝန်ကြီးများအား တံစိုးလက်ဆောင်များ ပေးကမ်းပြီး ရာထူးတိုး ယူထားသူများ ဖြစ်ကြပါတယ်။ ဒု-ညွှန်ချုပ်ဆိုသူသည် ဝန်ကြီးအား သိန်းပေါင်း ရာချီထောင်ချီ ပေး၍ ရာထူးတိုး ယူထားသူဖြစ်ပါတယ်ဗျ။ အဂတိတရားများစွာဖြင့်စီးပွားရှာနေကြတဲ့ အရာရှိဆိုးများ ဖြစ်ကြပါတယ်ဗျ။


ယခု စီမံကိန်းဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင်လည်း လက်အောက်ဝန်ထမ်းများ၏ လုံခြုံရေးကို တာဝန်ယူမှု မရှိဘဲ လုပ်ငန်းပြီးမြောက်ရေးသာ ဆောင်ရွက်ခိုင်းနေပါတယ်။ ဒါဟာ မတရားလုပ်တာ ဖြစ်ပါတယ်ဗျာ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖြုန်းတီးမှု လုပ်ရုံသာမက နိုင်ငံခြားငွေတွေပါသုံးစွဲပြီး တရုတ်ကို‌ ပေးနေတဲ့ စီမံကိန်းမှာ အခုလိုမတရားမှုတွေ ရှိနေတာကို အများပြည်သူတွေသိရှိနိုင်အောင် သတင်းပေးခြင်း ဖြစ်ပါတယ်ဗျာ။

Journal Download

Photo of three cats