စစ်အာဏာသိမ်းကာလ တစ်နှစ် အတွင်း နေအိမ် ၃၃၀၀ ကျော် မီးရှို့ခံခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်အာဏာသိမ်းကာလ တစ်နှစ် အတွင်း နေအိမ် ၃၃၀၀ ကျော် မီးရှို့ခံခဲ့ရ


စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်အထိ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ နေအိမ် ၃၃၀၀ ကျော် မီးရှို့ခံခဲ့ရသည်ဟု Data for Myanmar က ထုတ်ပြန်သည်။

.

တိုင်းနှင့် ပြည်နယ် ၉ ခုရှိ နေရာ ၁၂၆ နေရာ၌ အရပ်သား နေအိမ် ၃၃၇၉ လုံးကို မီးရှို့ခံရသည်ဟု Data for Myanmar က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

စစ်ကိုင်းတိုင်း၌ ၁၄၂၈ လုံး၊ ချင်းပြည်နယ်၌ ၉၇၆ လုံး၊ မကွေးတိုင်း၌ ၅၈၅ လုံး၊ ကရင်နီ (ကယား)ပြည်နယ်၌ ၃၀၁ လုံး၊ မန္တလေးတိုင်း၌ ၃၁ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ၂၃ လုံး၊ တနင်္သာရီတိုင်း၌ ၂၀ လုံး၊ ပဲခူးတိုင်းအနောက်ခြမ်း၌ ၁၀ လုံး၊ ကရင်ပြည်နယ်၌ ၅ လုံး စသည်ဖြင့် စုစုပေါင်း လူနေအိမ် ၃၃၇၉ လုံး စစ်ကောင်စီတပ်၏ မီးရှို့မှုကို ခံရသည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

.

အဆိုပါ အချက်အလက်များသည် သတင်းရင်းမြစ်များမှ စုစည်းထားခြင်း ဖြစ်ပြီး မပြည့်စုံသောမှတ်တမ်းများကို ရေတွက်ခြင်းမှ ဖယ်ထုတ်ထားခြင်းကြောင့် အမှန်တကယ်ကိန်းဂဏန်းများသည် ယင်း အချက်အလက်ထက် ကျော်လွန်နိုင်သည်ဟု ဖော်ပြထားသည်။

Journal Download

Photo of three cats