(၆၁)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

(၆၁)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပေးပို့


(၆၁)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA ၊ MNTJF/MNDAA နှင့် ULA/AA တို့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

.

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း‌ ဆောင်ရွက်မည့် ကိစ္စရပ်များ ရှိပါက ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် အသင့်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

.

KIO/KIA သည် PSLF/TNLA နှင့် ULA/AA တို့အား လိုင်ဇာတွင် အသစ်တဖန် သန္ဓေတည်မွေးဖွား ပေးခဲ့သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းမှုများဖြင့် မိတ်ဖက်အဖွဲ့အစည်းများ အဖြစ် ရပ်တည်ပေးထားသောကြောင့် တအာင်းနှင့် ရခိုင်လူမျိုးတို့အတွက် ကြီးမားသော ဂုဏ်ဒြပ်များဖြင့် ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထုနှင့် KIO/KIA တို့ကို များစွာကျေးဇူးတင်ကြောင်းကိုလည်း ဖော်ပြထားသည်။

Journal Download

Photo of three cats