မိုးဗြဲတွင် ပစ္စည်း ပြန်ယူသည့် အရပ်သား ပြည်သူ ၄ ဦး ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတွင် ပစ္စည်း ပြန်ယူသည့် အရပ်သား ပြည်သူ ၄ ဦး ပစ်သတ်ခံရ


ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာနှင့် ဟိုက်ဟွီတွင် ပစွည်း ပြန်ယူသော အရပ်သား ပြည်သူ ၄ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက် ၈ နာရီခန့်တွင် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

.

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာနှင့် ဟိုက်ဟွီတွင် ပစွည်းပြန်ယူသော အရပ်သား ပြည်သူ ၄ ဦးအား စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းနှင့် မိုးဗြဲမြို့အထွက် တောင်ယာခြံသို့ သွားရောက် လုပ်ကိုင်နေသော ပြည်သူများကိုလည်း သတ်ဖြတ်မှုများ ရှိနေသည်ဟု KNDF/B-03 (Pekhon Zone) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၈ နာရီမှ စ၍ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့ထဲသို့ ပစ်ခတ်နေကြောင်းလည်း သိရသည်။

.

မိုးဗြဲမြို့ပေါ်  ရပ်ကွက်များတွင် စစ်ကောင်စီတပ်များ ပုန်းခိုနေသောကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် နေအိမ်သို့ မပြန်ကြရန်နှင့် မြို့အနီး၌ သွားလာ လုပ်ရှားမှုများ မပြုလုပ်ရန်ကိုလည်း KNDF/B-03 (Pekhon Zone) ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်ကို တွေ့ရသည်။

Journal Download

Photo of three cats