စစ်ကောင်စီ ပြုလုပ်ပေးမည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားများတွင် ပါ၀င်ခြင်း မပြုရန် သျှမ်းကျောင်းသားများသမဂ္ဂ မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်ကောင်စီ ပြုလုပ်ပေးမည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားများတွင် ပါ၀င်ခြင်း မပြုရန် သျှမ်းကျောင်းသားများသမဂ္ဂ မေတ္တာရပ်ခံ


စစ်ကောင်စီက ပြုလုပ်ပေးမည့် ရှမ်းပြည်နယ်နေ့အခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် အသိမှတ်ပြုခြင်းကို မပြုလုပ်ကြရန် သျှမ်းကျောင်းသားများသမဂ္ဂ က မေတ္တာရပ်ခံပန်ကြားထားသည်။

.

စစ်အာဏာရှင်တို့သည် မိမိတို့၏ပြည်ကို အဓမ္မသိမ်းယူကာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေရုံသာမက ရည်ရွယ်ချက်ရှိရှိ သမိုင်းအမှောင်ဖျက်၍ သွေးခွဲ လိုသော အကြံများဖြင့် ယခု အခမ်းအနားများကို ကျင်းပခြင်းဖြစ်သည်ဟု မိမိတို့အနေဖြင့်များစွာ ယူဆမိပါသည်ဟု ‌အဆိုပါ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

.

လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် "သျှမ်းပြည်အမျိုးသားနေ့"တွင် မူလသမိုင်းကြောင်းကို ဖျောက်ဖျက်ကာ "ရှမ်းပြည်နယ်နေ့" အမည်ဖြင့် အခမ်းအနားများ ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းများကြားသိထားကြောင်းနှင့် ”သျှမ်းပြည်အမျိုးသားနေ့" ဟူသည်မှာ သျှမ်းတစ်မျိုးသားတည်းကိုသာ ရည်ညွန်းခြင်း မဟုတ်ဘဲ မတူကွဲပြားမှု ကိုယ်စီ ရှိကြသည့် လူမျိုးစုပေါင်းစုံ တို့၏ မှီတင်းနေထိုင်ရာ အမိသျှမ်းပြည်ကြီးတွင် ပထမဆုံး စည်းလုံးညီညွတ်နိုင်ခဲ့သော သမိုင်း၀င်နေ့ထူးနေ့မြတ် တစ်ခုအဖြစ် မှတ်ကျောက်တင်ထားရမည်ဟုလည်း ဖော်ပြထားသည်။

.

ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးနိုင်ရန်အတွက် စော်ဘွားများနှင့် လူထုကိုယ်စားလှယ်များ ပူးပေါင်းနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက် (၁၉၄၇ ခုနှစ်)ကို သျှမ်းအမျိုးသားနေ့ (ရှမ်းအမျိုးသားနေ့) အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်နယ်နေ့အဖြစ် စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

Journal Download

Photo of three cats