■ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက်လျှော့ချပြီး အကျဉ်းသား ၈၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

■ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက်လျှော့ချပြီး အကျဉ်းသား ၈၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး အကျဉ်းသား ၈၀၀ ကျော်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

.

ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂ နှစ်၊ အဂတိလိုက်စားမှု တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ်စီဖြင့် ၅မှုပေါင်း ၇၅ နှစ်၊ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၃၀ - က ဖြင့် ထောင် ၃ နှစ်၊ စုစုပေါင်း ထောင်ဒဏ် နှစ် ၈၀ ချမှတ်ထားခြင်းဖြစ်သည်။

.

ထို့အပြင် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြဏ်ဒဏ်ကျခံနေသည့် အကျဉ်းသားများအနက် ထိုက်သင့် သည့် ပြဏ်ဒဏ် ကျခံထားပြီး စည်းကမ်းကောင်းမွန်စွာ နေထိုင်သူ ၈၁၄ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာထားပြီး နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ဖော်ပြထားသည်။

.

အလားတူ ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးတို့ကိုလည်း တရားရုံးစစ်ဆေးဆဲဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ လွှတ်ပေးရန်နှင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသော သီရိလင်္ကာနိုင်ငံသား ၇ ဦးတို့ကိုလည်း လွတ်ငြိမ်းခွင့် ပြု၍ ပြည်နှင်ဒဏ်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။

Journal Download

Photo of three cats