(၇၄) နှစ်မြောက် ကရင်အမျိုးသားနေ့ ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်လူငယ်များက နိုင်ငံရေး တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ပြသ၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
.
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကရင်ပြည်သူလူထု လေးသိန်းကျော်မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒ ဖော်ထုတ် တောင်းဆိုခဲ့သော နိုင်ငံရေး တောင်းဆိုမှု ၄ ချက်နှင့် ယခုလက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ကရင်လူငယ်များ၏ နိုင်ငံရေးတောင်းဆိုချက် ၅ ချက်ကို ထုတ်ဖော် တင်ပြတောင်းဆိုသော ဆန္ဒ ဖော်ထုတ်မှုကို ကေအဲန်ယူ - ကရင်အမျိုး သားအစည်းအရုံး ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။