တာချီလိတ်တွင် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဖောက်ခွဲ ပစ်ခတ်မှုကြောင့် ၂ ဦးသေကာ အများအပြား ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဖောက်ခွဲ ပစ်ခတ်မှုကြောင့် ၂ ဦးသေကာ အများအပြား ဒဏ်ရာရ


တာချီလိတ်မြို့၌ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ ၂ ဦး သေဆုံး၍ အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ 

.

သေဆုံးသူ ၂ ဦးမှာ အမျိုးသားများ ဖြစ်သည်ဟု သိရသော်လည်း အချက်အလက် အတိအကျကို မသိရသေးဘဲ ဒဏ်ရာ ရသူမှာ ၄၀ ဦးခန့် ရှိနိုင်သည်ဟု သိရသည်။

.

လက်ရှိတွင် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့က ပြုလုပ်သည်ကို မသိရသေးသော်လည်း စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက ရိုက်နှက်ဖမ်းဆီးမှုများ နှင့် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

Journal Download

Photo of three cats