အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်က ပြုလုပ်ပြီးနောက် စစ်အာဏာသိမ််ကာလ သက်တမ်းကို ၆ လ ထပ်မံ တိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အာဏာသိမ်း စစ်ကောင်စီဥက္ကဌ၊ ဒုဥက္ကဌ နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အပါအဝင် စစ်ကောင်စီ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး တို့ဖြင့် ကာလုံအစည်းအဝေး ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယင်း စစ်အာဏာသိမ်းမှုကြောင့် လက်ရှိတစ်နှစ် ပြည့်သည့်အချိန်ထိ မြန်မာပြည်သူများသည် စစ်ဘေးဒဏ်နှင့် စီးပွားရေး ပြိုလဲမှုဒဏ်ကို ခံနေကြရသည်။