စစ်ကောင်စီ-BGF ပူးပေါင်းစခန်းအား KNLA မှပစ်ခတ် တိုက်ခိုက်၊ သေဆုံး ဒဏ်ရာ ရသူများ ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်ကောင်စီ-BGF ပူးပေါင်းစခန်းအား KNLA မှပစ်ခတ် တိုက်ခိုက်၊ သေဆုံး ဒဏ်ရာ ရသူများ ရှိ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အတွင်းရှိ ဂျို့ပင်ဆိပ် BGF လက်အောက်ခံ စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၁) လက်အောက်ခံ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၇ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံး ဒဏ်ရာ ရသူများရှိကြောင်း သိရသည်။

.

တိုက်ပွဲအတွင်း စစ်ကောင်စီ-BGF ဘက်မှ ၄ ဦးသေဆုံးကာ တပ်ခွဲမှူး အပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်က စခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စခန်းအရှေ့မှ ဆိုင်ကယ်မောင်းနှင်လာသူ ဒေသခံပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ ဒဏ်ရာရသူ ပြည်သူမှာ အသက်၂၁ နှစ်အရွယ် မောင်ကပ်ကျော်ဦး ဖြစ်ပြီး ကမမောင်းသို့ဆိုင်ကယ်ဖြင့် ရာဘာ ရောင်းရန် စခန်းအရှေ့မှ ဖြတ်သန်းမောင်းနှင်စဥ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ဆေးဝါးကုသမှုခံယူနေရသည်ဟု သိရသည်။

.

ဂျို့ပင်ဆိပ် (BGF-1014)စခန်းတွင် အင်အား ၃၀ ခန့် ရှိ စစ်ကောင်စီ-BGF ပူးပေါင်းတပ်ဖွဲ့ အခြေပြု တပ်စွဲနေခြင်း ဖြစ်ကာ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ကျဆုံးမှုများကြောင့်ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်အစောပိုင်းတွင် မိတ္ထီလာရွာ (ဘုရားကုန်း)သို့ ပြောင်းရွေ့ဆုတ်ခွာသွားကြောင်း သိရသည်။

Journal Download

Photo of three cats