နမ့်ခမ်းမြို့၌ စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ ဇန်နဝါရီလ ၅ ရက်၊ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး ကျဆုံးခဲ့သည့်အပြင် ဒဏ်ရာရသူများလည်း ရှိကြောင်းနှင့် TNLA ဘက်ကမူ အကျအဆုံး မရှိကြောင်း သိရသည်။
.
TNLA တပ်ဖွဲ့ နမ့်ခမ်းမြို့တွင်းသို့ ဝင်လာချိန် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့မှုကြောင့် ကလေး ၃ ဦး အပါအဝင် ဒေသခံအရပ်သား ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် စစ်ရေး တင်းမာမှုများ ဖြစ်ကာ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သိရသည်။