တာချီလိတ်ရဲလိုင်းခန်းကို ဗုံး ၂ လုံး ပစ်၍ သတိပေးခဲ့ကြောင်း TCL KK SHN ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်ရဲလိုင်းခန်းကို ဗုံး ၂ လုံး ပစ်၍ သတိပေးခဲ့ကြောင်း TCL KK SHN ထုတ်ပြန်


စစ်ကောင်စီ၏ ဒေါက်တိုင်များက မသက်ဆိုင်သူများကို ဖမ်းဆီးခြင်း၊ ပိတ်ဆို့ စစ်ဆေး ရှာဖွေခြင်းများကြောင့် အများပြည်သူ ထိတ်လန့်မှု ဖြစ်နေရသည့်အတွက် တာချီလိတ်ရဲစခန်းကုန်းရှိ ရဲလိုင်းခန်းကို TCL KK SHN က ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း၍ သတိပေးခြင်း လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

.

တာချီလိတ်မြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီ ဒေါက်တိုင် ရဲတပ်ဖွဲ့အနေဖြင့် မဆိုင်သူများကို ရမ်းသမ်း ဖမ်းဆီးထားမှုသည် မလိုလားအပ်သည့် ထိခိုင်မှုများ ဖြစ်လာစေနိုင်ခြင်းကြောင့် အချက် ၂ ချက်ကို တောင်းဆိုကြောင်း ဖော်ပြထားသည်။

.

ယင်း တောင်းဆိုချက်များမှာ ဖမ်းဆီးထားသည့် မဆိုင်သူများကို ပြန်လွှတ်ပေးရန်၊ မဆိုင်သူများအား ဖမ်းဆီး စစ်ဆေး ခြိမ်းခြောက်မှုများကို ရပ်တန့်ရန်နှင့် ပြည်သူများ သွားလာရေးတွင် စစ်ဆေး‌ခံနေရမှုကြောင့် ထိတ်လန့်နေ၍ စစ်ဆေးမှုများကို ရုပ်သိမ်းပေးရန် တို့ ဖြစ်သည်။

.

တောင်းဆိုချက်များကို မလိုက်လျောပါက  အာဏာဩဇာကို အလွဲသုံးစားပြုလုပ်ပြီး အမည်ခံစီးပွားရေးလုပ်ငန်းများ လုပ်စားနေကြသည့် တာချီလိတ်စရဖတပ်ဖွဲ့ဝင် ဝဏ္ဏဌေး၏ နေအိမ်နှင့် နန်းထိုက်ဆန်ဆိုင်၊ စစ်ဗျုဟာနှင့် ရဲကခွင့်ပြုပေးထားသည့် လောင်းကစားလုပ်ငန်းများ၊ KTV များနှင့် CLUB များတွင် ဖောက်ခွဲမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် ပြည်သူများ မထိခိုက်စေရေးအတွက် သတိဖြင့် နေထိုက်ကြရန်ကိုလည်း ကြေညာချက်တွင် သတိပေးထားသည်။

.

TCL KKK SHN သည် တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ ဖောက်ခွဲမှုများကို သတိပေးသည့်အနေဖြင့် ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats