တတိယအကြိမ် ကောင်စီကွန်ဂရက်အား ကြိုဆိုသည့် အနေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၆၇ ဦးကို လွှတ်ပေးမည်ဟု RCSS ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တတိယအကြိမ် ကောင်စီကွန်ဂရက်အား ကြိုဆိုသည့် အနေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၆၇ ဦးကို လွှတ်ပေးမည်ဟု RCSS ကြေညာ

တတိယအကြိမ် ကောင်စီ ကွန်ဂရက်ကို ကြိုဆိုသောအားဖြင့် RCSS အုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း ၁၆၇ ဦးကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်မှ စတင်ပြီး လွှတ်ပေးသွားမည်ဟု RCSS က ထုတ်ပြန်သည်။

.

ထို့အတူ သျှမ်းပြည်ညီညွတ်ရေးမှ တဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်ပြီး အားလုံး လက်ခံသော သျှမ်းပြည်ဖက်ဒရယ်မူနှင့် အညီ သျှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေအား တဆင့်ပြီး တဆင့် ရေးဆွဲနိုင်ရေးအတွက် သျှမ်းပြည် အမျိုးသားညီလာခံပြင်ဆင်ခြင်း အစည်းအဝေးကို မကြာမီကျင်းပသွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတချို့ နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ပြသနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

.

အထွေထွေ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ ဆောင်ရွက်ချက်များကို ကြိုဆိုပြီး လိုအပ်သလို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ၏ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်းကိုလည်း ကြေညာချက်တွင်ထည့်သွင်းထည့်သွင်း ဖော်ပြထားသည်။

.

တတိယအကြိမ်‌မြောက် ကောင်စီကွန်ဂရက်အား ဇန်နဝါရီလ ၁၆ ရက်မှ ၁၇ ရက်ထိ လွယ်တိုင်းလျဲန်း၌ ပြုလုပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ၂၁ ဦးပါ ဗဟိုအလုပ်အမှုဆောင် ကော်မတီအား ရွေးချယ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





Journal Download

Photo of three cats