ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒွမ်) PPDF သည် တော်လှန်ရေးလုပ်ငန်းများကို ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ဆောင်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေး လှုပ်ရှားရမည့် နယ်မြေများကို ဖွဲ့စည်း တာဝန်ပေးထားကြောင်း သိရသည်။
.
အဆိုပါ နယ်မြေများမှာ တပ်နယ်(၁) သုဝဏ္ဏဘူမိ သထုံဒေသ နှင့် တပ်နယ်(၂) ကရင်ပြည်နယ် တို့ ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် PPDF က ယင်းကဲ့သို့ သတ်မှတ် ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
.
ဒေသအလိုက် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်များ ထပ်မံ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ပအိုဝ်းတိုင်းရင်းသားပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးကြရန်ကိုလည်း PPDF က အသိပေး နှိုးဆော်ထားသည်။
.
ထို့အတူ P Force ကလည်း စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် တပ်မဟာ(၁) တောင်ကြီး၊ တပ်မဟာ(၂) ဟိုပုံး၊ တပ်မဟာ(၃) ဆီဆိုင်၊ တပ်မဟာ(၄) ပင်လောင်း၊ တပ်မဟာ(၅) ညောင်ရွှေ၊ တပ်မဟာ(၆) ပင်လောင်း ဟူ၍ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။