ကရင်နီ (ကယား) ပြည်နယ်မှ ဆီဆိုင်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူများကို ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PNLO/PNLA) က လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် ကူညီပေးနေကြောင်း သိရသည်။
.
ဆီဆိုင်မြို့နှင့် နောင်ထောဝ်သို့ စစ်ဘေးရှောင် ရောက်ရှိလာကြသည့် ကရင်နီ ပြည်သူများကို ဆန်၊ ဆီ၊ စောင်နှင့် မိုးကာများအား ကူညီပေးခဲ့ခြင်း ဖြစ်ကာ PNLO အဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ကဒူးကြီးဒေသရှိ ကရင်နီ ကျေးရွာများတွင်လည်း စစ်ဘေးရှောင် ၃၀၀ ဦးကျော်ခန့် ရောက်ရှိနေကြောင်းလည်း သိရသည်။
.
PNLO/PNLA အဖွဲ့သည် ခွန်ဥက္ကာ ၊ ခွန်သူရိန် နှင့် ခွန်မြင့်ထွန်း တို့ ဦးဆောင်သော NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။