စစ်အာဏာ သိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်အတွင်း၌ တိုက်ပွဲ ၁၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်သည်။
.
PKPF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်ထိ ကရင်နီပြည်အတွင်း ဖြစ်ပွားနေသော စစ်ရေး၊ နိုင်ငံရေး အခြေအနေ အကျဉ်းချုပ်ကို ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
တိုက်ပွဲများအတွင်း KNDF/KA နှင့် လက်နက်ကိုင် တပ်ဖွဲ့ဝင် သေဆုံးသူ ၄၁ ဦး၊ အရပ်သားပြည်သူ သေဆုံးသူ ၁၄၆ ဦး၊ အဖမ်းဆီးခံရသူ ၂၁၃ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကား ၁၉ စီး ပျက်ဆီးခဲ့ကာ အရပ်သားပြည်သူများ၏ နေအိမ် ၄၇၂ လုံး ရှိကြောင်း သိရသည်။
.
အဆိုပါ စစ်ကောင်စီဘက် သေဆုံး စာရင်းအား မြို့နယ်အလိုက် PDF ထုတ်ပြန်ချက် အပေါ် မှီငြမ်း၍ PKPF က ပြုစုထားခြင်း ဖြစ်ပြီး အဖမ်းဆီးခံ စာရင်းမှာ ထပ်တိုးစာရင်းနှင့် လွတ်မြောက်သွားသူ စာရင်းအား ပြင်ဆင် ဖြည့်စွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။