ဖယ်ခုံ PDF မှ အမျိုးသမီးစစ်သည် ဂျက်မ (သို့မဟုတ်) ပထမနှစ် ကျောင်းသူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဖယ်ခုံ PDF မှ အမျိုးသမီးစစ်သည် ဂျက်မ (သို့မဟုတ်) ပထမနှစ် ကျောင်းသူ

ကိုယ်ပိုင် M4 မောင်းပြန်သေနတ်ကို ကိုင်ဆောင်ကာ တိုက်ပွဲဝင်ခဲ့သည့် သူမ၏ လက်စွဲဆောင်ပုဒ်မှာ "လိပ်ပြာ လုံပါစေ"


စစ်‌ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံဘုရားတောင်တိုက်ပွဲ၌ ပါဝင်ခဲ့သူ PDF တပ်ဖွဲ့ဝင်များတွင် အမျိုးသမီး PDF တပ်ဖွဲ့ဝင် တစ်ဦးလည်း အမျိုးသားများနှင့် ရင်ဘောင်တန်း တိုက်ပွဲဝင်ခဲ့သည်ဟု သိရသည်။


သိန်း ၁၀၀ နီးပါး ပေး၍ ဝယ်ရသော ကိုယ်ပိုင် M4 မောင်းပြန်သေနတ်ကို ကိုင်ဆောင်ကာ တိုက်ပွဲဝင်ခဲ့သည့် သူမ၏ လက်စွဲဆောင်ပုဒ်မှာ "လိပ်ပြာ လုံပါစေ" ဟု ဖြစ်သည်ဟု ဆိုသည်။


သူမသည် ပထမနှစ် ကျောင်းသူ တစ်ဦး ဖြစ်ကာ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်များက ဂျက်မဟု ခေါ်ဆိုကြသည်။ ဂျက်မသည် ကုန်းဆုံဘုရားတောင်တိုက်ပွဲတွင် သာမက ယခင် စစ်‌ကောင်စီတပ်ဘက်က အကျဆုံး များသည့် တိုက်ပွဲများတွင်လည်း ပါဝင် တိုက်ခိုက်နိုင်ခဲ့သည်ဟု PDF Pekhon က ထုတ်ပြန်ထားသည်။


သန်မာဖြတ်လတ်သည့် ဂျက်မသည် တော်ရုံ ယောကျ်ားလေးများနှင့် ယှဥ်နိုင်သူ ဖြစ်ကာ အထူးကွန်မန်ဒိုသင်တန်းမှ သင်တန်းသား ၃၀ အနက် ပါဝင်သော တစ်ဦးတည်းသော အမျိုးသမီးစစ်သည် ဖြစ်ပြီး ပစ်မှတ်ဗဟို ၃ ချက်ကို ထိမှန်အောင် ပစ်ခတ်၍ သေနတ်ပစ်စွမ်းရည်ပထမဆုကို ရယူခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။


ထို့အပြင် စစ်ရေးနည်းဗျူဟာ စနစ်ကျပြီးအမိန့်နာခံမှု အားကောင်းသည့်အပြင် စီမံခန့်ခွဲမှုလည်း ကောင်းမွန်သူ ဖြစ်ကာ ကုန်းဆုံဘုရားတောင်တိုက်ပွဲအတွက် ဂျက်မအပါဝင် PDF တပ်ဖွဲ့ဝင်အားလုံး ဆောင်ရွက်ရမည့် တာဝန်များကို ၎င်းတို့စိတ်ကြိုက် ကိုယ်တိုင်ဗျူဟာ ရေးဆွဲခဲ့ကြသည်ဟု PDF Pekhon က ချပြထားသည်။


အဆိုပါ ကုန်းဆုံဘုရားတောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး စိုးနိုင် အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရခဲ့ကာ PDF ဘက်က ပြင်းထန်ဒဏ်ရာရသူ တစ်ဦးနှင့် ပွန်းပဲ့ဒဏ်ရာ ရသူ တစ်ဦး ရှိခဲ့ကြောင်းနှင့် ပြင်းထန်ဒဏ်ရာရသူ တပ်ဖွဲ့ဝင်မှာ မိမိကိုယ်ကို အားတင်း၍ လုံခြုံစိတ်ချရသော နေရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပထမနှစ်ကျောင်းသူ ဂျက်မကဲ့သို့ပင် ပညာတတ် လူငယ် အများအပြားသည် ပညာရေးကို စွန့်လွှတ်ကာ စစ်အာဏာရှင် တော်လှန်‌ရေးတွင် ဖယ်ခုံ PDF နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေ

ပထမနှစ်ကျောင်းသူ ဂျက်မကဲ့သို့ပင် ပညာတတ် လူငယ် အများအပြားသည် ပညာရေးကို စွန့်လွှတ်ကာ စစ်အာဏာရှင် တော်လှန်‌ရေးတွင် ဖယ်ခုံ PDF နှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေပြီး ဖယ်ခုံ PDF တပ်ဖွဲ့ဝင် လူငယ်များ၏ စိတ်ကူးစိတ်သန်းနှင့် လုပ်ရည်ကိုင်ရည်များမှာ တောင်ထိပ်တွင် တပ်စွဲထားသည့် စစ်‌ကောင်းစီတပ်ကို အနီးကပ် တိုက်ခိုက်ရဲသော စွန့်လွှတ်စွန့်စားဝံ့သည့် စိတ်ဓါတ်က သက်သေခံနေပေသည်။


ဖယ်ခုံ PDF တွင် ရှိသော လက်နက် အများစုသည် တပ်ဖွဲ့ဝင် ရဲဘော်အများစု၏ ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူထားခြင်း ဖြစ်ပြီး လူအားငွေအား စိုက်ထုတ်ကာ တော်လှန်ရေးကို လုပ်‌ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။


PDF တပ်ဖွဲ့ဝင်များသည် အနေအစား ဆင်းရဲသော်လည်း ဂျက်မ အပါဝင် ပြည်သူ့သားသမီးများသည် လိပ်ပြာလုံစွာဖြင့် စစ်အာဏာရှင်ကိုအမြစ်ပါ မကျန် တွန်းလှန်နေသည်။


Source/Photo/Ref - Statement of PDF Pekhon

Journal Download

Photo of three cats