တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ အနီး ထိုင်တော်မူဘုရား နေရာရှိ စစ်ကောင်စီ ကင်းစခန်းကို ဖယ်ခုံ PDF က ယနေ့ ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုများ ရှိကြောင်း PDF Pekhon ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှု များပြားခဲ့ပြီး ၁၀ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု PDF Pekhon က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
စစ်ကောင်စီဘက်မှ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နံနက် ၉ နာရီခွဲခန့်တွင် အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။