တောင်ကြီး၊ အေးသာယာ PDF နှင့် ရွာငံ ပြောက်ကျားတပ်ဖွဲ့တို့၏ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်း ပြီးမြောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၊ အေးသာယာ PDF နှင့် ရွာငံ ပြောက်ကျားတပ်ဖွဲ့တို့၏ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်း ပြီးမြောက်


တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၏ တပ်ခွဲ(၂)၊ အေးသာယာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ATYPDF)နှင့် ရွာငံ မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ရေးဆိုင်ရာ မွမ်းမံသင်တန်း အပတ်စဉ် (၃) အောင်မြင်စွာ ပြီးမြောက်ပြီ ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ သင်တန်း ပြီးမြောက်ကြောင်းကို စစ်‌ရေးလေ့ကျင့်သည့် မှတ်တမ်း ဓါတ်ပုံများနှင့် တကွ ယနေ့ ဇန်ဝါရီလ ၁၇ ရက်တွင် TPDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.


" ကျွန်ုပ်တို့၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့  Local အဖွဲ့များ အနေဖြင့် မြို့နယ်ဒေသ အလိုက် စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့တွေ နဲ့ ပူးပေါင်းပြီး ရှမ်းတောင်တစ်ခွင်လုံးရှိ စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။"ဟု ထုတ်ပြန်ချက်တွင် အသိပေး ဖော်ပြထားသည်။




Journal Download

Photo of three cats