အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF) ပြည်သူ့ တပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်သည့် မှတ်တမ်းပုံများကို ယင်းအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်တွင် လူမှုကွန်ရက်မှ တဆင့်ထုတ်ဖော်ပြသခဲ့သည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် IPDF ကို ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်းအား ကြေညာခဲ့သည်။
.
IPDF အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်၊ ပြည်သူလူထု အမှန်တကယ်လိုလား တောင်းတသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် မရမခြင်း တိုက်ပွဲဝင်မည် စသည့်အချက်များ အပါအဝင် ရည်ရွယ်ချက် ၆ ချက်ကို အဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားကို တွေ့ရသည်။