လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးတွင် PDF ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးတွင် PDF ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦး သေဆုံး


ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီး သစ်လုံးကွင်း၌ ယနေ့ ဇန်နဝါရီလ ၆ ရက်၊ နံနက်အစောပိုင်းက PDF ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း KNDF B-03 က ထုတ်ပြန်သည်။

.
" ယနေ့ 6.1.2022 မနက် ကယန်းသာယာကျေးရွာအနီး သစ်လုံးကွင်းမှာ KNDF B02/B03/ အရှေ့ဘက်ကမ်း PDF သုံးဖွဲ့ပေါင်း စစ်‌ဆင်ရေးတွင် စခ ဗိုလ်ကြီး နှစ်ဦးနှင့် စစ်ကောင်စီ တပ်သား ၁၅ ယောက် သေ ဒဏ်ရာရသူများ အများအပြားရှိ" ဟု KNDF B-03 က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ထုတ်ပြန်ချက်ပါ မှတ်တမ်းဓါတ်ပုံများတွင် စစ်ကောင်စီတပ်၏ ခဲယမ်းများနှင့် အသုံးအဆောင်များကိုပါ ထည့်သွင်း ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

Journal Download

Photo of three cats