စစ်ကောင်စီတပ်ကြပ် တစ်ဦး လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် ဖရူဆို PDF အဖွဲ့ထံ CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်ကြပ် တစ်ဦး လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် ဖရူဆို PDF အဖွဲ့ထံ CDM ပြုလုပ်


ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းမှ တပ်ကြပ် တစ်ဦးသည် လက်နက်/ခဲယမ်း အပြည့်အစုံဖြင့် ဖရူဆို PDF အဖွဲ့ထံ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာကြောင်း PDF Hpruso က ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

.

၎င်းသည် သေနတ် ၁ လက်၊ ကျည် ၁၀၁ တောင့်၊ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံးဖြင့် CDM ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ဖရူဆို PDF အဖွဲ့က ဆုကြေးငွေများ ချီးမြှင့်‌ပေးအပ်၍ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

.


စစ်ကောင်စီတပ်က မူဆို‌ကျေးရွာအနီး စစ်ရှောင်ပြည်သူအချို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ရီခီးဘူးစစ်ရှောင်ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို သိရှိပြီးနောက် စစ်အာဏာရှင်၏ လုပ်ရပ်များကို စိတ်နာသည့်အတွက် တိုက်ခိုက်တော်လှန်ရန် အဆိုပါ စစ်ကောင်စီ တပ်ကြပ်သည် CDM ပြုလုပ်ခြင်း ဖြစ်ကြောင်း PDF Hpruso က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats