စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ဒီးမော့ဆို PDF ကို ဆက်သွယ်ပြီး CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ဒီးမော့ဆို PDF ကို ဆက်သွယ်ပြီး CDM ပြုလုပ်


ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ တပ်မ(၆၆) လက်အောက်ခံ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် လက်နက် အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်သို့ ပူးပေါင်းလာကြောင်း ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် DMO-PDF က ထုတ်ပြန်သည်။

.

အမှတ်(၁၀၈) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တစ်ဦးက CDM လုပ်လိုကြောင်း ဇန်နဝါရီလ ၅ ရက်တွင် DMO-PDF ထံ  ဆက်သွယ်လာပြီး  MA-1 သေနတ် တစ်လက်နှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ CDM တပ်ကြပ်ကို DMO-PDF က လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံ စိတ်ချသည့်နေရာ စီစဉ်ပေးပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဇန်နဝါရီလ ၇ ရက်က လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

.

ပြည်သူ့ဘက်ကို ရပ်တည်လိုသော အရာရှိ အရာခံ တပ်မတော်သားများအား DMO-PDF က  နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats